Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the dynamic-content-for-elementor domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/u844869660/domains/ciymyanmar.com/public_html/wp-includes/functions.php on line 6114
ကလေးတို့ရဲ့ စိတ်ကူးသစ်နဲ့ နည်းပညာကို ပေါင်းစပ်ထုတ်ဖော်ပြသဖို့ – CIY Myanmar
Deprecated: Automatic conversion of false to array is deprecated in /home/u844869660/domains/ciymyanmar.com/public_html/wp-content/plugins/ele-custom-skin/includes/enqueue-styles.php on line 22

ကလေးတို့ရဲ့ စိတ်ကူးသစ်နဲ့ နည်းပညာကို ပေါင်းစပ်ထုတ်ဖော်ပြသဖို့

MIND-HACK 2022

MIND-HACK 2022

ကလေးတို့ရဲ့ ဆန်းသစ်တဲ့ စိတ်ကူးတွေကို လက်တွေ့ ထုတ်ဖော် ပြသဖို့

✨“Mind – Hack 2022”✨

ဖေဖေမေမေတို့ သတိထားမိရဲ့လား ?

ကမ္ဘာပေါ်မှာ စိတ်ကူးအယဥ်တတ်ဆုံးက ကဗျာဆရာ တွေ စာရေးဆရာတွေ မဟုတ်ပါဘူး။ ဖေဖေမေမေတို့ရဲ့ ကလေးငယ်တွေပါ။

တခါတလေ ကလေးငယ်လေးတွေက လူကြီးတွေထက် အတွေးအခေါ်တွေ ရင့်ကျက်ဆန်းသစ်နေတာကို ကြုံဖူးကြမှာပါ။

အိုင်းစတိုင်းပြောသလိုပေါ့…

“ကလေးငယ်တိုင်းက ထက်မြက်ကြပါတယ် ၊ ကလေးငယ်တိုင်းမှာ ဆန်းသစ်တဲ့ အတွေးအခေါ်တွေ ကိုယ်စီရှိကြပါတယ်”

ဒါကို ဖေဖေမေမေတို့ အနေနဲ့ နားလည်လက်ခံပြီး ကလေးငယ်တို့ရဲ့ စိတ်ကူးတွေကို လက်တွေ့မှာ ဖန်တီးနိုင်ဖို့ ၊ ထုတ်ဖော်ပြသဖို့ ကူညီပေးရမှာပါ။

ဒါဆိုရင် သားသားမီးမီးတို့ကရော … ကိုယ့်ရဲ့ စိတ်ကူးတွေကို ထုတ်ဖော်ပြသဖို့ အဆင်သင့်ပဲလား ?

အခုလာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့မှာ

ကမ္ဘာကြီးကို စိတ်ကြိုက်ပြောင်းလဲပစ်မယ့် Coder တို့ရဲ့ စိတ်ကူးတွေကို

🔵 Environmental
🔵 Transportation
🔵 Technology

ဆိုတဲ့ ခေါင်းစဥ် ၃ ခု အောက်မှာ ရှိတဲ့ Challenges တွေကို ဖြေရှင်းရင်း အဖြေရှာကြမယ့်

“Mind-Hack 2022” ဆိုတဲ့ ပြိုင်ပွဲကြီး တစ်ခု ရှိပါတယ်။

ပါဝင်ယှဥ်ပြိုင်မယ့် Coder တို့အတွက် CIY နဲ့ Brain Training Academy တို့ ပူးပေါင်းပြီးတော့

ကလေးတို့အတွက် လိုအပ်တဲ့ skill တွေဖြစ်တဲ့

🧠 Problem Hunting
🧠 Design Thinking
🧠 Creative Thinking
🧠 Ideation

စတာတွေကိုလည်း ပျိုးထောင်သင်ကြားပေးအုံးမှာ ဖြစ်ပါတယ်။

အဲ့တော့ ကလေးတို့အတွက် စိတ်လှုပ်ရှားဖို့ အကောင်းဆုံး “Mind-Hack 2022” ပြိုင်ပွဲကြီးကို

🗓️ Date : 17 / 9 / 2022 ( Sat )
⏰ Time : 12:00 PM to 3:00 PM

📍 Venue : Function Room 5 , First Floor , Melia Hotel , Yangon

မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဖေဖေမေမေတို့ရဲ့ ကလေးငယ်တွေက အနာဂတ် ကမ္ဘာကြီးကို ပြောင်းလဲထုဆစ်ကြမယ့် “Next Generation Change Maker” လေးတွေပါ။

အနာဂတ်ရဲ့ မျိုးဆက်သစ်တွေ ဖြစ်လို့ ကလေးတိုင်းမှာ ရှိပြီးသား စိတ်ကူးဆန်းသစ်မှုတွေနဲ့ မတူညီတဲ့ ပြဿနာတွေကို “out of the box thinking” တွေးခေါ်ပြီး “Mind Hack” ပြိုင်ပွဲကြီးမှာ ပါဝင်ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဒါဆိုရင် ပါဝင်ယှဥ်ပြိုင်မယ့် သားသားမီးမီးတို့ အနေနဲ့ လူဦးရေ ကန့်သတ်ထားတာ ဖြစ်လို့ နောက်မကျခင် အခုပဲ အောက်က Registration From လေးမှာ စာရင်းပေးသွင်းလိုက်ပါ။

http://surl.li/cyzez

12 ရက်နေ့ ည ၁၂ နာရီတိတိမှာ Form ပိတ်မှာဖြစ်လို့ ပါဝင်ချင်ရင် အမြန်ဆုံး စာရင်ပေးသွင်းဖို့ လိုအပ်ပါတယ်နော်။

CIY.CLUB
Consumer to Creator