ကလေးတို့ အတွက် နည်းပညာက ပို အရေးကြီးပါတယ်

ဖေဖေမေမေတို့ရဲ့ ကလေးတွေက အနာဂတ်နည်းပညာရဲ့ ဖန်တီးရှင်လေးတွေ ဖြစ်လာတော့ မှာပါ။ နည်းပညာခေတ်ကို ရောက်နေပြီ ဖြစ်လို့ အရာအားလုံးဟာ တိုးတက် မြန်ဆန်နေတာ ဖေဖေမေမေတို့
မျက်မြင်ပါ။ အားလုံးတိုးတက်နေတဲ့ ခေတ်မှာ ဖေဖေမေမေတို့ရဲ့ ကလေးကို နောက်ကျ မကျန်ခဲ့ စေဖို့
အတွက် နည်းပညာကို လေ့လာထားဖို့ ပိုအရေးကြီးပါတယ်။

နည်းပညာက ကလေးကို ဘယ်လို အကျိုးပြုစေလဲ? ဘာကြောင့် ကလေးတွေနားလည်တတ်မြောက်ဖို့ လိုအပ်တာလဲ?

၁။ ကလေးတို့အတွက် ပညာရေးကို အထောက်အကူများစွာ ဖြစ်စေပါတယ်။
အခုနောက်ပိုင်း ကျောင်းတွေ ပိတ်ထားတဲ့ အချိန်မှာ online learning တွေ ကျယ်ပြန့်လာတာကို တွေ့ရမှာပါ။
Zoom meeting တို့ google meet စတာတွေနဲ့ ပညာရေးကို ရှေ့ဆက်နေရတဲ့ အခါ ကလေးတို့ internet နဲ့ computer ကို ကောင်းကောင်း အသုံးပြုတတ်ဖို့ လိုလာပါပြီ။ဒါကြောင့်ဘဲ သုံးတတ်ဖို့ လိုအပ်တာလားဆိုတော့
မဟုတ်ပါဘူး။ Internet ပေါ်မှာ ကလေးတို့ စိတ်ဝင်စားတဲ့ သင်ကြားရေး တွေ အကုန်လုံး ရှိပါတယ်။ စိတ်ကြိုက်
လေ့လာလို့ရပါတယ်။ နည်းပညာကို အသုံးပြုတတ်လေလေ လေ့လာသင်ယူနိုင်မယ့် နယ်ပယ်ကျယ်ပြန့်လေလေ
ပါ။အရင်ခေတ်တွေ လို ပညာ တတ်မြောက်ဖို့ သင်တန်းတွေ အများကြီးသွားတတ်စရာ မလိုဘဲ website တို့ digital platform အမျိုးမျိုးကနေ သိချင်၊ လေ့လာချင်တာကို လူမပင်ပန်းဘဲ အိမ်မှာနေရင်း လေ့လာ သင်ယူလို့ရ ပါတယ်။

၂။ ကလေးတို့ရဲ့ လူအများနဲ့ ပြောဆို ဆက်ဆံတဲ့ စွမ်းရည်ကို များစွာ တိုးတက်ကောင်းမွန်စေပြီး သူငယ်ချင်းတွေ အများကြီး ရစေပါတယ်။
စီးပွားရေးမှာဘဲ ဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာကိစ္စမှာဘဲ ဖြစ်ဖြစ် နည်းပညာက ပြောဆိုဆက်ဆံရေးကို တိုးတက်စေပြီး မိတ်ဆွေသစ် ဖောက်သည် သစ်တွေနဲ့ တွေ့ဆုံစေပါတယ်။ကလေးတို့ communication app တွေ ဖြစ်တဲ့ voxer, skype တို့ messenger တို့ကနေ သူငယ်ချင်းသစ်တွေရရှိစေပြီး ဆက်သွယ်ရေး နယ်ပယ်
ကို ကျယ်ပြန့်စေမှာပါတယ်။ Buddy talk , hello talk စတဲ့ communication app ကို အသုံးပြုစေခြင်းဖြင့်
လည်း ကလေးတို့အတွက် ဘာသာစကား လေ့လာတာကို များစွာ အထောက်အကူပြုစေပါတယ်။ဒါ့အပြင်
ကလေးတွေဆီမှာ ရှိတတ်တဲ့ စကားပြောရတာကို ရှက်ကြောက်တတ်တဲ့ အကျင့်ဆိုးကို ပျောက်စေပြီး public
speaking လည်းတိုးတက်ကောင်းမွန်စေမှာပါ။

၃။ နည်းပညာ က ကမ္ဘာကြီးကို ကလေးတို့ ရှေ့မှောက် ခေါ်ဆောင်ပေးနိုင်ပါတယ်။
စူးစမ်းလေ့လာလိုစိတ် အပြည့်ရှိတဲ့ ကလေးတွေကို နည်းပညာနဲ့ အထဲတဝင် မိတ်ဆက်ပေးလိုက်ပါ။ လက်တွေ့ ဘဝ အတွေ့အကြုံတွေကို ရုပ်ရှင်တွေ ၊ game တွေ ၊ social media တွေမှာ ကိုယ်တိုင် မကြုံတွေ့ခင် သိမြင်စေ
မှာ ဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ ဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်တွေက စာအုပ်တစ်အုပ် ၊ ဂျာနယ်တစ်စောင်မှာထက် internet မှာ ပိုပြီး ပြည့်စုံပါတယ်။ အရွယ်နဲ့ မလိုက်အောင် တွေးခေါ်စဥ်းစားတတ်ပါ
ပြီး ရင့်ကျက်စေမှာပါ။

ဖေဖေမေမေတို့ရဲ့ ကလေးတွေက အနာဂတ်မှာ တိုးတက်နေတဲ့ နည်းပညာနဲ့ အမှီ ပြောင်းလဲ တိုးတက်ရမှာပါ။
ပြောင်းလဲ တိုးတက်ဖို့ ဆိုရင်လည်း နည်းပညာကို ကောင်းကောင်း အသုံးချတတ်ဖို့က အရမ်းကြီးပါတယ်။

CIY.Club
Code it Yourself