Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the dynamic-content-for-elementor domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/u844869660/domains/ciymyanmar.com/public_html/wp-includes/functions.php on line 6114
ဆန်းသစ်လာတဲ့ ကလေးတို့ရဲ့ အိပ်မက် – CIY Myanmar
Deprecated: Automatic conversion of false to array is deprecated in /home/u844869660/domains/ciymyanmar.com/public_html/wp-content/plugins/ele-custom-skin/includes/enqueue-styles.php on line 22

ဆန်းသစ်လာတဲ့ ကလေးတို့ရဲ့ အိပ်မက်


ဖေဖေ မေမေတို့ သိတဲ့ အတိုင်း နည်းပညာက တစ်နေ့ထက်တနေ့ တိုးတက်ပြောင်းလဲနေပါတယ်။
ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာနဲ့ အတူ ကလေးတို့ရဲ့ စိတ်ကူးအိပ်မက်တွေဟာ ထူးခြားဆန်းသစ်
လာပါတယ်။အရင်ခေတ်တွေတုန်းကလို ဆရာဝန်ကြီးတွေ၊ အရာရှိကြီးတွေ ထက် programmer ကြီးတွေ၊
သိပ္ပံပညာရှင်ကြီးတွေ ဖြစ်ချင်လာကြပြီး ကလေးတို့ရဲ့ အိပ်မက်တွေ အဆင့်မြင့်လာကြပါပြီ။
လူနေထိုင်မှု ဘဝ အဆင့်မြင့်စေဖို့နဲ့ သက်တောင့်သက်သာရှိစေဖို့ အတွက် နည်းပညာက မရှိမဖြစ်လိုအပ်တဲ့
အရာဖြစ်လာပါတယ်။ကလေးတို့ရဲ့ စိတ်ကူးစိတ်သန်း အိပ်မက်တွေကို အကောင်အထည်ဖော်ရာ ဖြစ်လာပါ တယ်။
သားသား ကြီးလာရင်ဆရာဝန်ကြီး လုပ်မယ်ဆိုတာထက် သားသားကြီးလာရင် သိပ္ပံပညာရှင်ကြီး လုပ်မယ်ဆိုပြီး
ကလေးတွေရဲ့ အတွေးအခေါ်တွေ ဆန်းသစ်ပြောင်းလဲလာပါတယ်။ဆေးတက္ကသိုလ်ထက် နည်းပညာတက္ကသိုလ်
ကို ကလေးတွေ ပိုစိတ်ဝင်စားလာကြပါတယ်။
ဖေဖေမေမေတို့ စဥ်းစားကြည့်ပါ။ စီးပွါးရေး လုပ်တဲ့ အခါမှာ နည်းပညာနဲ့ ကင်းကွာလို့ ရပါသလား။ ဆေးပညာ မှာလည်း biotech. ဆိုတဲ့ နည်းပညာရှိပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေလည်း နည်းပညာကို အသုံးပြုလာကြ
ပြီး လူနေမှု ပတ်ဝန်းကျင်က လည်း နည်းပညာနဲ့ ဖွဲ့စည်းတည်ဆောက်ထားလား ထင်ရပါတယ်။ကိုယ့်ကလေး
တွေကို အနာဂတ်အတွက် ဘယ်လို နယ်ပယ်မှာ ရင်းနှီးမြှပ်နှံ ပေးသင့်လဲ ?
အသက် ၇ နှစ်မှ ၁၇ နှစ် အရွယ်ကလေးတွေရဲ့ ၆၁ ရာခိုင်နှုန်းဟာ နည်းပညာကို ပိုပြီး စိတ်ဝင်စားတယ်လို့ လေ့လာတွေ့ရှိထား ပါ တယ်။နည်းပညာဆိုင်ရာ professional တွေ ဖြစ်ချင်လာကြပါတယ်။Elon Musk တို့
Bill Gates တို့လိုမျိုး leader of techonology တွေ ဖြစ်ချင်ကြပါတယ်။
ဘာလို့ ကလေးတွေရဲ့ အိပ်မက်တွေ ဆန်းသစ်ပြောင်းလဲ လာတာလဲဆိုရင် ရှင်းပါတယ်။ ပြောင်းလဲတိုးတက်နေ
တဲ့ နည်းပညာနဲ့ အတူ ကလေးတို့ရဲ့ စိတ်ကူးစိတ်သန်းတွေလည်း တိုးတက်ကျယ်ပြန့်လာတာကြောင့်ပါ။
အရင်တုန်းက ဖေဖေမေမေတို့ ကြားဖို့တောင် ခဲယဥ်းခဲ့တဲ့ programming language , computer science တွေကို မိဘတို့ ကလေးတွေက နားလည် တတ်ကျွမ်းနိုင်ပါပြီ။ကလေးတိုင်း နည်းပညာကို သုံးစွဲနိုင်နေတာ ကြောင့် နည်းပညာရဲ့ ဦးဆောင်သူ တစ်ယောက်ဖြစ်ဖို့ ရည်မှန်းချက်ထားတာ မဆန်းပါဘူး။

ဖေဖေမေမေတို့က ကလေးတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်အောင် ပံ့ပိုးပေးရမယ့်တာဝန်ရှိပါ တယ်။အနာဂတ် နည်းပညာရဲ့ ခေါင်းဆောင်လောင်းတွေ စိတ်ဝင်စားတဲ့ Coding , 3D design , Robotics အစရှိတဲ့ education တွေကို ပြုစုပျိုးထောင်ပေးချင်တယ်ဆိုရင် www.m.me/ciy.clubmyanmar မှာစုံစမ်း မေးမြန်းအပ်နှံနိုင်ပါပြီ။

ကလေးတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ပေးလိုက်ပါ။

CIY.Club
Code it Yourself