Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the dynamic-content-for-elementor domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/u844869660/domains/ciymyanmar.com/public_html/wp-includes/functions.php on line 6114
ဆန်းသစ်လာတဲ့ ကလေးတို့အိမ်မက် – CIY Myanmar
Deprecated: Automatic conversion of false to array is deprecated in /home/u844869660/domains/ciymyanmar.com/public_html/wp-content/plugins/ele-custom-skin/includes/enqueue-styles.php on line 22

ဆန်းသစ်လာတဲ့ ကလေးတို့အိမ်မက်

ကလေးတွေကို game ဆော့စေမယ့်အစား gaming software တစ်ခု ဖန်တီးခွင့်ပေးလိုက်ပါ။

ဖေဖေမေမေတို့ သိတဲ့အတိုင်း mobile game တွေက လူကြီး၊ လူငယ်တွေကြားမှာ အလွန် ရေပန်းစားလာပါ တယ်။Gaming Tourament တွေ အမြောက်အမြား ပေါ်ပေါက်လာတဲ့ အပြင် game က လူငယ်တချို့ရဲ့ အိပ်မက်တွေ စိတ်ကူးတွေ ကို မွေးဖွားလာခဲ့ပါပြီ။ကမ္ဘာတစ်ဝှမ်းမှာလည်း e-sport က ကြီးမားတိုးတက်လာတာ
မိဘတို့ မျက်မြင်ပါ။ လူငယ်တိုင်း game နဲ့ မကင်းကွာနိုင်ပါဘူး။ အခုချိန်မှာ ဖေဖေမေမေတို့ စဥ်းစားရမှာက
ကိုယ့်ကလေးတွေကို game ရဲ့ ကျေးကျွန်ဖြစ်စေပြီး ကလေးတွေ အနာဂတ်လမ်းတွေ ပျောက်စေမှာလား ၊ gaming software ဖန်တီးသူ ဆိုတဲ့ တောက်ပတဲ့ အနာဂတ်လမ်းကို ဖောက်ပေးသင့်လား ။

ကလေးတို့အတွက် game ဖန်တီးဖို့ လွယ်လွယ်အသုံးပြုနိုင်တဲ့ game making and design software တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Unity Game Maker
Unity က ကလေးတို့ coding ပိုင်း ကျွမ်းကျင်ဖို့ မလိုဘဲ game software တစ်ခု ဖန်တီးနိုင်မှာပါ။2D , 3D ပုံစံ နှစ်မျိုးလုံးနဲ့ design ဆွဲနိုင်ပြီး component-entity model ဖြစ်ပါတယ်။ဆိုလိုတာက game ထဲက characterနဲ့ တခြား component တွေကို ထည့်သွင်းနိုင်တာပါ။ reality-based game တွေကို ဖန်တီးရာမှာ ထူးခြားတဲ့ စွမ်းဆောင်မှုပေးနိုင်တာကို တွေ့ရမှာပါ။ Beginner တွေအတွက် နားမလည်သည်ကို လေ့လာစေဖို့ online tutorial video တွေ လည်းရှိပါတယ်။ Windows , MacOS,Linux , Xbox One နဲ့ PS 4 စတဲ့ စက်တွေမှာ အသုံးပြုနိုင်တဲ့ gaming software တွေ ဖန်တီးနိုင်မှာပြီး ကလေးတို့အတွက် အကျိုးပြုနိုင်တဲ့ game maker software တစ်ခုဖြစ်ပါတယ်။

၂။ Game Salad
IOS , android platform နှစ်ခုလုံးမှာ အသုံးပြုနိုင်တဲ့ game design software တစ်ခုဖြစ်ပါတယ်။
Programmig language အခြေခံကို နားလည်စေမယ့် game software တွေကို ဖန်တီးရာမှာ အသုံးပြုပါ တယ်။ကလေးတို့ သိတဲ့ Echoes of Aeons , Booger Boing , Beyond Solar စတဲ့ နာမည်ကြီး game တွေက Game Salad နဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။Game design စတင်ရေးဆွဲပြီးတာနဲ့ ကလေးတို့
နာမည်နဲ့ design owership ရရှိစေမှာ ဖြစ်ပြီး စတင်လေ့လာသူတွေအတွက် သင့်တော်တဲ့ software တစ်ခု
ဖြစ်ပါတယ်။

၃။ RPG Maker
Beignner တွေအတွက် ထိထိရောက်ရောက်လေ့လာနိုင်တဲ့ Game maker software တစ်ခု ဖြစ်ပြီး အဖွဲ့လိုက် ဆော့ရတဲ့ role-playing game တွေကို ဖန်တီးနိုင်ပါတယ်။Software ထဲမှာ character တွေ တခြားသော element တွေပါဝင်လို့ စိတ်ကြိုက် design ဆွဲနိုင်မှာပါ။ကိုယ်ပိုင် graphic ဖန်တီးနိုင်ပြီး ထူးခြားတာက additional tools တွေ ဖြစ်တဲ့ photoshop နဲ့ အခြား app တွေကိုပါ တွဲပြီး အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။
Developer တွေက graphic သတ်မှတ်ဖို့ code တွေရေးစရာမလိုဘဲ software program က အလိုအလျောက်
သတ်မှတ်ပေးမှာပါ။Developer တွေအတွက် ကြိုက်နှစ်သက်တဲ့ image တွေ music တွေကိုပါ game ထဲ ထည့် သွင်းနိုင်မှာ ဖြစ်ပါတယ်။Fantasy games, action games, role-playing games, 3D games, 2D games တွေကို ဖန်တီးနိုင်တဲ့ game maker software တစ်ခုဖြစ်ပါတယ်။

ကမ္ဘာကျော် gaming company တွေ ဖြစ်တဲ့ Unity , Tecent နဲ့ Riot တို့လိုမျိုး မိဘတို့ရဲ့ ကလေးတွေကို
အောင်မြင်အောင် လမ်းဖောက်ပေးသင့်ပါပြီ။
ဖေဖေမေမေတို့ရဲ့ ကလေးတွေ အချိန်ကို အကျိုးရှိရှိကုန်ဆုံးစေချင်တယ်ဆိုရင် game ဆော့ခိုင်းမယ့် အစား
gaming software ဖန်တီးခွင့် ပေးလိုက်ပါ။

CIY.Club
Code it Yourself