ကလေးက နည်းပညာကို စိတ်ဝင်စားတဲ့သူ တစ်ယောက်လား?

ကလေးက နည်းပညာကို စိတ်ဝင်စားတဲ့သူ တစ်ယောက်ဆိုရင် ဖေဖေမေမေတို့ ဂုဏ်ယူသင့်ပါတယ်။

ကလေးတို့ခေတ် နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ မိဘတို့ခေတ်က နည်းပညာတိုးတက်မှုနှုန်းကို နှိုင်းယှဥ် ကြည့်ပါ။ အရင်ခေတ်က သတင်းကြည့်ရဖို့ စာစောင် ဝယ်ဖတ်ရတဲ့ အခြေအနေကနေ အခုခေတ် အိမ်မှာနေရင်း တစ်ကမ္ဘာလုံးက ဖြစ်ပျက်သမျှတွေကို အင်တာနက်ကနေ ရှာလို့ရနေပါပြီ။ ဖေဖေမေမေတို့ခေတ်က ဖုန်းနဲ့ ကွန်ပြူတာကို အသုံးပြုဖို့ဝေး မြင်ရဖို့တောင် ခက်ခဲခဲ့ပေမယ့် ကလေးတို့ ခေတ်မှာတော့ ကွန်ပြူတာကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်နေပါပြီ။ ဒါတွေ အားလုံးက အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ နည်းပညာရဲ့သာဓကတွေပါ။ နည်းပညာခေတ်မှာ ကလေးက နည်းပညာ အကြောင်း စိတ်ဝင်စားတဲ့သူတစ်ယောက် ဖြစ်တာဂုဏ်ယူစရာ ကောင်းပါတယ်။

ကလေး စိတ်ပါဝင်စားတဲ့ အရာကို မြေတောင်မြှောက်ပေးတာ ခေတ်မီတဲ့ မိဘတို့ရဲ့ အတွေးအခေါ်ပါ။

ကလေးတို့ရဲ့ ဝါသနာပါတာကို လေ့လာနိုင်အောင်၊ စိတ်ဝင်စားတာကို လုပ်ဆောင်နိုင်အောင် ဖေဖေမေမေတို့က ကူညီပေးရမှာ ဖြစ်ပါတယ်။ ကလေးက နည်းပညာကို စိတ်ဝင်စားသူ တစ်ယောက်ဖြစ်ဆိုရင် ဖေဖေမေမေတို့ ဘယ်လို ကူညီပေးနိုင်မလဲ?

နည်းပညာ နဲ့ မဝေးတဲ့ ပတ်ဝန်းကျင် တစ်ခု ဖန်တီးထားပေးပါ။

Game စက် တွေ ၊ TV တွေ ဆော့ကစားဖို့ entertainment digital tools တွေကို ဆိုလိုတာ မဟုတ်ပါဘူး။ မိဘတို့ကလေးက စက်ရုပ်တွေကို တည်ဆောက်ရတာ စူးစမ်းရတာ စိတ်ဝင်စားတယ်ဆိုရင် robotic technology နဲ့ ဆိုင်တဲ့ accessories တွေ၊ ကလေးက computer science ကို စိတ်ဝင်စားတယ်ဆိုရင် coding games တွေ programming language လေ့လာနိုင်မယ့် website တွေ၊ သင်တန်းတွေကို လမ်းညွှန် ဖန်တီးပေးထားသင့်ပါတယ်။သူတို့ ဝါသနာပါတဲ့ အရာကို လေ့လာစူးစမ်းနိုင်တဲ့ နေရာလေးက ကလေးတိုင်း အတွက် နိဗ္ဗာန်ဘုံ ပါဘဲ။

ကလေးတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို လေးစားပေးပါ။

စူးစမ်းတီထွင်မှု အကောင်းဆုံး အရွယ်က ဖေဖေမေမေတို့ ကလေးတွေ အရွယ်ပါ။ သူတို့ရဲ့ စိတ်ကူးလေးတွေ တီထွင်ကြံဆပုံတွေက သူများတွေနဲ့ လုံးဝ မတူဘဲ ဆန်းသစ်နေတတ်ပါတယ်။ကလေးတို့ လေ့လာထားတဲ့ အသိပညာတွေနဲ့ ဖန်တီးထားတဲ့ စက်ရုပ်လေးတွေ ၊ရေးဆွဲထားတဲ့ program တွေ design တွေကို တန်ဖိုးထားပြီး ကောက်ချက်ချတာမျိုး လုပ်ပေးပါ။ တခါတလေ ဖေဖေမေမေတို့ နားမလည်တောင်မှ “ကလေးကို တော်ကြောင်း” ချီးကျူးတာ မျိုးလုပ်ပါ။ကလေးအတွက် အကောင်းဆုံးသော ခွန်အားက ဖေဖေမေမေတို့ရဲ့ ချီးကျူးစကားပါ။

ကလေးနဲ့ အတူတူ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာနဲ့ ပတ်ဝန်းကျင်အကြောင်း ဆွေးနွေးတိုင်ပင်ပါ။

ကလေးဆိုတာ မိဘ တို့နဲ့ နွေးနွေးထွေးထွေး နေဖို့က အရေးကြီးပါတယ်။ ကလေးတို့ စိတ်ဝင်စားတဲ့ နည်းပညာအကြောင်းကို ဖေဖေမေမေတို့လည်း လေ့လာထားဖို့ လိုအပ်ပြီး ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေ၊ နည်းပညာရဲ့ အသုံးဝင်ပုံတွေကို ဆွေးနွေးတိုင်ပင်ပါ။ ကလေးရဲ့ ထင်မြင်ပုံ၊ စဥ်းစားပုံကို ဂရုစိုက်ဖို့တော့ လိုပါတယ်။ ပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်လာအောင် နည်းပညာနဲ့ ဘယ်လိုကူညီနိုင်မယ်၊ လူနေထိုင်မှု ပုံစံ အဆင့်မြင့်မားလာအောင် နည်းပညာကို အကျိုးရှိရှိ ဘယ်လို အသုံးချသင့်တယ်ဆိုတာမျိုး ဆွေးနွေးနိုင်ပင်သင့်ပါတယ်။ အဲ့လို လုပ်ခြင်းအားဖြင့် ကလေးရဲ့ နည်းပညာအပေါ် စိတ်ဝင်စားမှုကို မြေတောင်မြှောက်ပေးတဲ့ အပြင် ဖေဖေမေမေတို့နဲ့ ပိုပြီး နွေးထွေးတဲ့ ရင်းနှီးမှုမျိုး ရရှိစေမှာ ဖြစ်ပါတယ်။ကလေးတို့ရဲ့ စဥ်းစားတွေးခေါ်နိုင်စွမ်းကို လမ်းမှန်ရောက်ဖို့ ကိုယ်တိုင် လမ်းပြပေးနိုင်ပါတယ်။
ကလေးတို့အတွက် နည်းပညာလေ့လာဖို့ သင်တန်းတွေ၊ ကျောင်းတွေ အပ်နှံပေးသင့်ပါတယ်။

“ကလေးတို့အတွက် ဖေဖေမေမေတို့ ပေးနိုင်တဲ့ အကောင်းဆုံး အမွေက ပညာအမွေပါ”။ ပညာ အမွေလို့ပြောတဲ့ အခါ ကျောင်းပညာရေးကို ဘဲ ဆိုလိုတာမဟုတ်ပါဘူး။ ကျောင်းပညာရေးက ကလေးတို့ သိသင့်သိထိုက်တဲ့ အခြေခံသဘောတရားတွေ၊ နိယာမ တွေကိုဘဲ သင်ကြားပေးနိုင်တာပါ။ ဖေဖေမေမေတို့ ကလေးက နည်းပညာ ကို စိတ်ဝင်စားတယ်ဆိုရင် နည်းပညာ အကြောင်း ထဲထဲဝင်ဝင် လေ့လာဖို့ လိုအပ်ပါတယ်။ နည်းစနစ်ကျကျ လေ့လာနိုင်ဖို့ အတွက် သင်ပြပေးမယ့် သင်တန်း လိုအပ်ပါတယ်။ကလေးတို့ရဲ့ တီထွင်ဖန်းတီးမှုတွေ စနစ်ကျလာအောင် ၊ စိတ်ဝင်စားတဲ့ နည်းပညာ အကြောင်း ငယ်စဥ်က နားလည်တတ်ကျွမ်းလာအောင် သင်ကြားပေးနိုင်တဲ့နေရာမျိုးမှာ အပ်နှံပေးသင့်ပါတယ်။

“CIY Club”ဟာဆိုရင် ဖေဖေမေမေတို့ရဲ့ ကလေးတွေကို “a club, not a course” ပုံစံနဲ့ သင်ကြားပေးပြီး နည်းပညာကို စိတ်ဝင်စားတဲ့ coders လေးတွေ စုစည်းရာ အဖွဲ့အစည်းတစ်ခုပုံစံ တည်ဆောက်ထားပါတယ်။

“ဒါကျက်၊ ဒါမှတ်” ပုံစံမျိုးနဲ့ လုံးဝ ကွာခြားတဲ့ “customized learning and self-paced training” ဖြစ်တဲ့ အတွက် စိတ်ဝင်စားတာကို လေ့လာတဲ့ အခါ စာနားမလည်လို့ စိတ်ညစ်ပြီး လက်လျှော့လိုက်တာမျိုးတွေ မရှိပါဘူး။CIY Club မှာ နည်းပညာရဲ့ အခြေခံတွေ ဖြစ်တဲ့ Coding,3D design. Robotics အစရှိတဲ့ education တွေကို သင်ကြားပေးပြီး နည်းပညာလေ့လာဖို့အတွက် level 9 ခု သတ်မှတ်ထားပါတယ်။

“Gamification methodology”ကို အသုံးပြုထားတဲ့အတွက် ကလေး ကျွမ်းကျင်ရင် ကျွမ်းကျင်သလို project တွေ ပြီးမြောက်ပြီး level တက်မှာဖြစ်ပါတယ်။

အရေးကြီးဆုံးအချက်က CIY Club က Australia အခြေစိုက် နိုင်ငံတကာ နည်းပညာသင်တန်းပို့ချပေးတဲ့ နေရာဖြစ်ပြီး ဖေဖေမေမေတို့ရဲ့ ကလေးတွေကို “နည်းပညာ အသုံးချသူတွေကနေ ဖန်တီးသူ” တွေ ဖြစ်အောင် အဓိကထား ပျိုးထောင်နေတာ ဖြစ်ပါတယ်။

ဖေဖေမေမေတို့ရဲ့ ကလေးတွေ စိတ်ဝင်စားတဲ့ နည်းပညာကို လေ့လာဖို့ ပညာအမွေ ပေးချင်တယ် ဆိုရင်တော့
www.m.me/ciy.clubmyanmar မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။

ဖေဖေမေမေတို့ရဲ့ ကလေးတွေ နည်းပညာ စိတ်ဝင်စားကြလား? ကလေးတို့ စိတ်ဝင်စားတဲ့ နည်းပညာအတွက် ဖေဖေမေမေတို့ ဘယ်လို ကူညီ ပေးထားလဲ? ဆို comment မှာ ဖြေပေးခဲ့ကြပါအုံး။

ကလေးတို့ စိတ်ဝင်စားတဲ့အရာကို ရေလောင်းပေါင်းသင်ပေးပြီး အနာဂတ်မှာ ရှင်သန်ကြီးထွားလာအောင် လမ်းညွှန်ပေးလိုက်ပါ။

CIY.Club
Code it Yourself